ကျွန်တော်တို့အကြောင်း

Royal Concrete သည် နေပြည်တော်မြို့တွင် တည်ဆောက်ရေးလုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ်သော အရည်အသွေးမြင့်အသင့်ဖျော်ကွန်ကရစ်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လူနေအဆောက်အဦများ၊စီးပွားရေးအဆောက်အဦများ၊အစိုးရအိမ်ယာစီမံကိန်းများနှင့် လမ်းတံတားဆောက်လုပ်ရေးစီမံကိန်းများတွင် အရည်အသွေးမြင့်အသင့်ဖျော်ကွန်ကရစ်များကို သယ်ယူပို့ဆောင်ရေးတွင်စိတ်ချရသည့် Mixer Truck ယာဥ်များဖြင့် အတွေ့အကြုံရှိသည့်ဝန်ထမ်းများ ကိုယ်တိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များဆီသို့ ပေးပို့ဆောင်ရွက်ပေးလျက်ရှိပါသည်။

Present
နေပြည်တော်မြို့ Ready Mixed Concrete အသင့်ဖျော်ကွန်ကရစ်လုပ်ငန်းတွင် ဦးဆောင်သူဖြစ်လာခဲ့ပါသည်။
2022

လယ်ဝေးမြို့နယ် မန်တော်ကျေးရွာအနီးတွင် ၂၀၂၂ နှစ်၌ ဒုတိယစက်ရုံ တည်ထောင်ခဲ့ပါသည်။

2020

Royal Concrete ကို သိုက်ချောင်းကျေးရွာ၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်မြို့တွင် ၂၀၂၀ နှစ်ကုန်ပိုင်း၌ Ready Mixed Concrete Plant စက်ရုံတစ်ရုံနှင့် Mixer Truck ယာဥ် (၃)စီးဖြင့် စတင် တည်‌ထောင်ခဲ့ပါသည်။

Mission

ကျွန်ုပ်တို့ထံမှ ဝယ်ယူသူများအား အရည်အသွေးမြင့်ထုတ်ကုန်များကို သင့်တင့်သော စျေးနှုန်းများ၊ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် အသင့်ဖျော်ကွန်ကရစ်၏ ထိပ်တန်းပေးသွင်းသူဖြစ်လာရန်။

Vision

ဒေသတွင်း ဆောက်လုပ်ရေးကဏ္ဍ၌ တွေ့ကြုံနေရသော အရည်အသွေးမြင့်ကွန်ကရစ် ရရှိရန် အခက်အခဲ စိန်ခေါ်မှုများကို ဖြေရှင်း ပေးသူဖြစ်ရန်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ​ ကျွန်ုပ်တို့တန်ဖိုးထားသော ဝယ်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ရေရှည်ဆက်ဆံ‌ရေး တည်ဆောက်ပြီး လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် လက်တွဲလုပ်ဆောင်သွားရန်။

Let our expert team guide you in choosing the right mix for your construction needs.